Kuu AI
အစီအစဉ်များ အကူအညီ Telegram ဖြင့် ဝင်ရန်
ENမြန်မာ
အစီအစဉ်များ အကူအညီ Telegram ဖြင့် ဝင်ရန်
မူဝါဒ

ကိုယ်ရေးအချက်အလက် မူဝါဒ

နောက်ဆုံး ပြင်ဆင်သည့်ရက် — ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာ ၁၀ ရက်

Kuu AI ကို ယူကေ (UK) တွင် နေထိုင်သူ Aung Kyaw က Kuu AI အမည်ဖြင့် လုပ်ကိုင်ပါတယ်။ ဒီစာမျက်နှာမှာ သင့်အချက်အလက်တွေကို ဘာသိမ်းလဲ၊ ဘာကြောင့်သုံးလဲ၊ ဘယ်လို ထိန်းသိမ်းလဲ ဆိုတာ ရှင်းပြထားပါတယ်။

၁။ ကျွန်ုပ်တို့ သိမ်းသော အချက်အလက်များ

  • Telegram အကောင့် — Telegram ID၊ အမည်နှင့် username။ အကောင့်ဖွင့်ရန်နှင့် ဝင်ရောက်ရန် သုံးပါတယ်။
  • စကားပြော မှတ်တမ်း — သင်ပို့သော စာများနှင့် AI ၏ အဖြေများ။ အသံဖြင့် ပို့လျှင် အသံဖိုင်ကို မသိမ်းဘဲ စာအဖြစ် ပြောင်းထားသည်ကိုသာ သိမ်းပါတယ်။
  • မှတ်ဉာဏ် — စကားပြောရင်း သင်ပြောပြထားသော အရေးကြီး အချက်တိုလေးများ (ဥပမာ — သင့်အမည်၊ နှစ်သက်ရာ)။ မှတ်ဉာဏ် စာမျက်နှာမှာ ကိုယ်တိုင် ကြည့်ပြီး ဖျက်နိုင်ပါတယ်။
  • ဖိုင်နှင့် ပုံများ — သင်တင်သော ပုံနှင့် ဖိုင်များ (PDF၊ Word စသည်)။ ဆက်မေးနိုင်ရန် ရက် ၇ ရက်သာ သိမ်းထားပြီး ပြီးလျှင် အလိုအလျောက် ဖျက်ပါတယ်။ သင်ကိုယ်တိုင်သာ ကြည့်နိုင်ပါတယ်။
  • အသုံးပြုမှု မှတ်တမ်း — ဘယ်အချိန် ဘယ်လောက် သုံးထားလဲ ဆိုတာ။ အစီအစဉ် ကန့်သတ်ချက် တွက်ရန် သုံးပါတယ်။
  • ငွေပေးချေမှု မှတ်တမ်း — ရွေးသော အစီအစဉ်၊ ပမာဏ၊ ရက်စွဲ၊ အော်ဒါအမှတ်နှင့် သင်ရေးသော မှတ်ချက်။ သင့်ဘဏ် သို့မဟုတ် ငွေပေးချေမှု အကောင့် စကားဝှက်ကို ဘယ်တော့မှ မတောင်းပါ။

၂။ ဘာကြောင့် သုံးလဲ

  • သင့်မေးခွန်းများကို ဖြေရန်နှင့် ဝန်ဆောင်မှု ပေးရန်
  • အစီအစဉ်အလိုက် အသုံးပြုမှု ကန့်သတ်ချက်ကို တွက်ရန်
  • ငွေပေးချေမှုကို စစ်ဆေးပြီး အစီအစဉ် ဖွင့်ပေးရန်
  • အလွဲသုံးမှုကို ကာကွယ်ရန်နှင့် ပြဿနာများကို ဖြေရှင်းရန်

၃။ အခြား ဝန်ဆောင်မှုများ

  • Google Gemini — သင့်စာ၊ အသံ၊ ပုံနှင့် ဖိုင်များကို အဖြေထုတ်ရန် Google ၏ Gemini ဆီ ပို့ပါတယ်။ လက်ရှိ သတင်းအချက်အလက် လိုလျှင် Google ရှာဖွေမှုကိုလည်း သုံးပါတယ်။
  • fal.ai — ပုံ သို့မဟုတ် ဗီဒီယို ဖန်တီးခိုင်းသောအခါ သင်ရေးသော စာကို fal.ai ဆီ ပို့ပါတယ်။
  • Telegram — ဝင်ရောက်ရန်နှင့် bot မှတစ်ဆင့် စကားပြောရန်။
  • DigitalOcean နှင့် Cloudflare — ဆာဗာ ထားရှိရန်နှင့် ချိတ်ဆက်မှုကို လုံခြုံစေရန်။
  • Composio — နောင်တွင် Gmail၊ Calendar ကဲ့သို့ အက်ပ်များကို သင်ကိုယ်တိုင် ချိတ်ဆက်မှသာ အသုံးပြုမည်။ မချိတ်လျှင် ဘာမှ မဝင်ရောက်ပါ။ ချိတ်ပြီးနောက်လည်း အချိန်မရွေး ဖြုတ်နိုင်ပါတယ်။

၄။ သင့်အချက်အလက်ကို မရောင်းပါ

သင့်အချက်အလက်ကို ဘယ်သူ့ကိုမှ မရောင်းပါ။ ကြော်ငြာအတွက်လည်း မသုံးပါ။ ဥပဒေအရ မဖြစ်မနေ ပေးရမှသာ အာဏာပိုင်များကို ပေးပါမယ်။

၅။ ကွတ်ကီး

လိုအပ်သော ကွတ်ကီး သုံးခုသာ သုံးပါတယ် — ဝင်ထားကြောင်း မှတ်ရန်၊ ဖောင်များ လုံခြုံစေရန်နှင့် သင်ရွေးထားသော ဘာသာစကား (မြန်မာ / English) ကို မှတ်ရန်။ အလင်း/အမှောင် အရောင်ပုံစံ ရွေးချယ်မှုကိုတော့ သင့်ဘရောက်ဇာထဲမှာသာ သိမ်းပြီး ကျွန်ုပ်တို့ဆီ မပို့ပါ။ ကြော်ငြာ ကွတ်ကီး သို့မဟုတ် ခြေရာခံ ကွတ်ကီး မသုံးပါ။

၆။ ဘယ်လောက်ကြာ သိမ်းလဲ

  • အကောင့် ရှိနေသရွေ့ စကားပြော မှတ်တမ်း၊ မှတ်ဉာဏ်နှင့် အသုံးပြုမှု မှတ်တမ်းကို သိမ်းပါတယ်။
  • သင်တင်သော ပုံနှင့် ဖိုင်များကို ရက် ၇ ရက် ပြည့်လျှင် အလိုအလျောက် ဖျက်ပါတယ်။ စကားပြော မှတ်တမ်းထဲမှာ ဖိုင်အမည်သာ ကျန်ပါမယ်။
  • ဖျက်ခိုင်းပါက ရက် ၃၀ အတွင်း ဖျက်ပေးပါမယ်။
  • ငွေပေးချေမှု မှတ်တမ်းကိုတော့ အခွန်နှင့် စာရင်းအတွက် ဥပဒေအရ လိုအပ်သလောက် (၆ နှစ်အထိ) ဆက်သိမ်းထားရနိုင်ပါတယ်။

၇။ သင့်အချက်အလက် ဖျက်ခိုင်းရန်

Telegram မှ @KUUAI_bot ကို “ကျွန်ုပ်၏ အချက်အလက်များ ဖျက်ပေးပါ” ဟု ပို့ပါ။ သင့်အကောင့်ဖြစ်ကြောင်း စစ်ပြီး ဖျက်ပေးပါမယ်။ မှတ်ဉာဏ်ကိုတော့ မှတ်ဉာဏ် စာမျက်နှာ သို့မဟုတ် bot ထဲက /forget all ဖြင့် ချက်ချင်း ကိုယ်တိုင် ဖျက်နိုင်ပါတယ်။

၈။ UK GDPR အရ သင့်အခွင့်အရေးများ

  • သင့်အချက်အလက် မိတ္တူ တောင်းခံခွင့်
  • မှားနေသည်ကို ပြင်ခိုင်းခွင့်
  • ဖျက်ခိုင်းခွင့်
  • အသုံးပြုမှုကို ကန့်သတ်ခိုင်းခွင့် သို့မဟုတ် ကန့်ကွက်ခွင့်
  • အခြားဝန်ဆောင်မှုသို့ ရွှေ့ရန် ဖိုင်အဖြစ် တောင်းခံခွင့်
  • ကျေနပ်မှု မရှိလျှင် ယူကေ ကိုယ်ရေးအချက်အလက် ကြီးကြပ်ရေးဌာန (ICO) သို့ တိုင်ကြားခွင့်

ဒီအခွင့်အရေးများကို သုံးလိုလျှင် Telegram bot မှ ဆက်သွယ်ပါ။ တစ်လအတွင်း ပြန်ဖြေပေးပါမယ်။

၉။ မူဝါဒ ပြောင်းလဲခြင်း

ဒီမူဝါဒကို လိုအပ်သလို ပြင်ဆင်နိုင်ပါတယ်။ အရေးကြီးသော ပြောင်းလဲမှု ရှိလျှင် website ပေါ်တွင် အသိပေးပါမယ်။

ဆက်သွယ်ရန်

Aung Kyaw (Kuu AI) · ယူကေ · Telegram — @KUUAI_bot

© Kuu AI · သင့်ကိုယ်ပိုင် AI အကူအညီဖော်
အကူအညီ·ကိုယ်ရေးအချက်အလက် မူဝါဒ·ဝန်ဆောင်မှု စည်းမျဉ်း